Designer: Klaus Teuber
Average Rating: 7.2
No. of Players: 3-4 (Best: 4)
Duration: 60-120 min
Age: 10+
Complexity: 2.33/5
အသက်ကြီးလာမှ ဆော့ဖြစ်တဲ့ အခုနောက်ပိုင်းဂိမ်းတွေထဲမှာ Catan ကို အကြိုက်ဆုံးလို့ ပြောလို့ရတယ်။ ကလေးတုန်းက ကစားခဲ့တဲ့ မိုနိုပိုလီတို့ အူနိုတို့ထည့်မတွက်ရင် ဒီဘက်ခေတ် ဘုတ်ဂိမ်းတွေပြန်ဆော့ဖြစ်တဲ့ထဲမှာ ကိုယ့်အတွက်တော့ သူက အချစ်ဦးပဲ။ သူ့ကြောင့်ဘုတ်ဂိမ်းတွေကို စတွယ်ငြိမိတာကနေ ရုန်းမထွက်နိုင်တော့တာ SPACE 17 ဖွင့်ဖြစ်တဲ့အထိပဲဆိုပါတော့။ ကိုယ်ဘုတ်ဂိမ်းစွဲသလို အားလုံးကိုစွဲစေချင်တဲ့စေတနာနဲ့ပါ။ :P
- Civilization ဂိမ်းအမျိုးအစားမို့ ကြိုက်မိတယ်။ ကွန်ပျူတာဂိမ်းတွေထဲမှာလည်း AoE ကိုကြိုက်တယ်။ Real-Time အွန်လိုင်းဂိမ်းတွေ မအိပ်မနေဆော့ခဲ့တုန်းကလည်း Ikariam ကိုကြိုက်တယ်ဆိုတော့လေ။
- အခုမှ ဘုတ်ဂိမ်းစဆော့ဖြစ်တဲ့လူတွေအတွက် လွယ်သလို ဘုတ်ဂိမ်းဆော့နေကျဂျိုးတွေအတွက်လည်း အာပလာဗျူဟာလောက်နဲ့ မနိုင်နိုင်တဲ့ဂိမ်းမို့ ဆွဲဆောင်မှုက ရှိနေပြန်ရော။
- ကံနဲ့ ဉာဏ် မျှတယ်လို့ ပြောလို့ရတယ်။ ဘူတဲ့လူတွေ အံစာမုန်းပေမဲ့ အံစာအားကိုးနဲ့ပဲလည်း မနိုင်ပါဘူးနော်။ ပထမဆုံးဆောက်တဲ့အိမ်၊လမ်းအနေအထား၊ ကုန်သွယ်တာ၊ ဈေးစကားညှိတာ၊ ဗျူဟာအကွက်ချတာတွေမှာ မဂျွတ်စ်ရင် မဂျွတ်စ်သလို နောက်ကောက်ကျကျန်ခဲ့မှာ။
- အရမ်းဆော့လို့ကောင်းတဲ့ expansions တွေ extensions တွေများလွန်းလို့ စီးပွားရေးလုပ်တတ်လွန်းတဲ့ Catan ရယ်လို့ အမြင်ကတ်ကတ်နဲ့ ဩချမိတယ်။ ကြိုက်မိရင် မွဲပေတော့ပဲ။
- နိုင်ငံတကာဘုတ်ဂိမ်းကစားသမားတွေကြားမှာ အရမ်းရေပန်းစားပြီး ၂ နှစ်တစ်ကြိမ် နိုင်ငံတကာပြိုင်ပွဲတွေလည်း လုပ်တယ်။ #MyanmarCatanTournament2019 #MCT2019
- ဘုတ်ဂိမ်းတွေ ရာနဲ့ချီပြီး ဆော့ဖူးပြီးတဲ့နောက်မှာတောင်မှ ပုံမှန်လေးတော့ ဆော့ဖြစ်နေသေးတဲ့ Catan ထိပ်ခေါင်တင်လေးပါ။
သူနဲ့တွဲကစားလို့ရတဲ့ Expansion တွေထဲမှာ Cities & Knights ကို အကြိုက်ဆုံးပဲ။ ကျွန်းမြေပုံကလည်း နဂိုအတိုင်းခင်းရုံပဲ။ အသစ်ပါလာတဲ့ပါဝါတွေကလည်း ကိုယ်ကောင်းစားရေးအတွက်ပဲဆော့ဆော့ သူများကိုပဲဗျင်းဗျင်း ရှယ်ပဲ။ Seafarers ကတော့ ဂိမ်းခင်းရတဲ့အချိန်ကြာလို့ နည်းနည်းငြိုငြင်မိတာကလွဲရင် မဆိုးတဲ့ထဲပါပါတယ်။ Explorers & Pirates က ဂိမ်းခင်းရတာကြာတာချင်းတူတူ အိမ်ကိုကျွန်းမကြီးကနေ ကျွန်းစွယ်လေးစီ အလုံးလိုက် မ,သွားလို့ရတာတို့ဘာတို့ကြောင့် ပိုမိုက်တယ် အချိန်ကုန်ရကျိုးနပ်တယ်လို့ ထင်တယ်။
🖤 ဂိမ်းမှန်သမျှ အသည်းအသန်ဆော့တဲ့တချို့လူတွေ Catan ကိုကျော်ပြီး တခြားခက်ခဲနက်နဲတွေ တန်းဆော့ကြတဲ့လူတွေကို Catan လေးတော့ ဆော့ဖြစ်အောင်ဆော့ကြည့်ကြပါလို့ တိုက်တွန်းချင်တယ်။ ဆော့ကြည့်ပြီး မကြိုက်ရင် နောက်မဆော့နဲ့ပေါ့။ (မင်းဝေယံဦးတို့လို Geek တွေကို ဟျောင့် ယူ့ကိုဒဲ့ပြောနေတာလို့ ပြောစရာမလိုဘဲ သိစေချင်ပါတယ်။ :P)
🖤 အခုမှ ဘုတ်ဂိမ်းကို စမ်းဆော့ကြည့်မယ့်လူတွေလည်း Catan ကနေ စဆော့ကြည့်လို့ ရပါတယ်လို့။ မခက်ပါဘူး။ Strategy game တွေထဲမှာ အလွယ်ဆုံးလို့တောင် ပြောလို့ရတယ်။ မဆော့တတ်ရင် သင်ပေးမယ်။ 😊
🖤 ဘုတ်ဂိမ်းတွေကို စိတ်ဝင်စားတယ် ဆော့ဖြစ်နေတယ်ဆို Catan ကိုတော့ ဆော့ကိုဆော့ဖူးသင့်တယ်။ Catan လောက်မှ မဆော့ဖူးရင်တော့ ဘုတ်ဂိမ်းတွေဆော့ဖူးပါတယ်လို့ မကြွယ်သင့်ဘူးပေါ့။ 😎 ဘုတ်ဂိမ်းတွေထဲမှာ ဆော့တဲ့လူအများဆုံးနဲ့ ရေပန်းအစားဆုံးဂိမ်းဆိုတော့လေ။