Splendor (2014) Designer - Marc André
2-4 Players, 30 Mins
အထင်ပြောရရင် ဂိမ်းကို ကျောက်မျက်ရတနာကုန်သွယ်ခြင်း အရှိန်အဟုန် ရလာတဲ့ ၁၇ ရာစုခေတ်အနေနဲ့ ဖန်းတီးထားပုံရပါတယ်။ ကစားသမားက ရတနာကုန်သည်တစ်ဦး အနေနဲ့ ပါ၀င်ကစားကမှာဖြစ်တယ်။ ရတနာတွေစုကမယ်။ သက်ဆိုင်ရာ ရတနာတွေပေးပြီး ရတနာတွင်းတွေ (Development cards) ကို ၀ယ်ကမယ်။ ရတနာတွင်း အဆင့်သုံးဆင့် ရှိပြီး ကိုယ်ပိုင်ဆိုင်ထားတဲ့ ရတနာတွင်းတွေက ရတနာတွင်းအကြီးတွေ၀ယ်ဖို့ အထောက်အကူဖြစ်လိမ့်မယ်။ မ၀ယ်နိုင်သေးရင် ဦးထားလို့ (Booking လုပ်ထားလို့) ရတယ်။ တတ်နိုင်ရင် ရတနာတွင်းအကြီးကို တန်း၀ယ်ချင်လည်းရတယ်နော်။ ရတနာတွင်းကြီးတွေက Prestige Points တွေ ပိုများတယ်။ ၁၇ရာစုဆိုတော့ ကြီးမြတ်သူတွေ လာလည်အောင်လုပ်နိုင်ရင်လည်း ဂုဏ်တက်တယ်ဆိုပြီး Prestige Points တွေထပ်ဆောင်းရနိုင်မယ်။ ဒီလိုနဲ့ ကိုယ့် ဂုဏ်သတင်း ကြီးလာအောင် လုပ်ကမယ် (Prestige Points တွေစုမယ်)။ ၁၅ မှတ် နှင့်အထက်ကို အရင်ရအောင်လုပ်နိုင်တဲ့သူက အနိုင်ရမယ်။
#StrategyGame ဂိမ်းအမျိုးအစားတွေထဲမှာ Chess လိုမျိုး #OpenStrategyGame ပါ။ ဆိုလိုချင်တာက တစ်ဦးချင်းစီရဲ့ ပိုင်ဆိုင်တဲ့ သယံဇာတတွေကို သူသူကိုယ်ကိုယ် မြင်နေကမယ်။ အသစ်၀ယ်လို့ ရမယ့် Development Card တွေအားလုံးကိုလည်း ကိုယ့်အလှည့်မှာ တတ်နိုင်ရင်၀ယ်ဖို့ တန်းတူအခွင့်အရေးရှိတယ်။ Strategy စဥ်းစားပြီး ကိုယ့်အတွက် အားအသာဆုံး ဖြစ်တဲ့အကွက်ကို ရွေးချယ်လုပ်ကမယ်။ လိုအပ်မယ်ထင်ရင် ပြိုင်ဘက်ရဲ့ အားသာသွားမယ်ထင်တဲ့ အကွက်ကို ကြိုပိတ်လို့ ရတယ်။ (ဂျင်းထည့်လို့ရတယ်)။ ငယ်စဉ် ကတည်းက Chess ကစားလာတဲ့ Marc André ဖန်တီးထားတဲ့ ဒီဂိမ်းဟာ CardGame တစ်မျိုးဖြစ်ပြီး Chess ရဲ့ အငွေ့ အသက် အချို့ ပါ၀င်သလို ဆုပေါင်းများစွာလည်း ရခဲ့ပါတယ်။ဘာလို့ ကြိုက်လည်းဆိုရင် ရှင်းပြရတာကော Setup လုပ်ရတာကော လွယ်ကူရိုးရှင်းသလောက် #StrategyGame ကစားကတဲ့ ရသကောင်းကောင်းပေးနိုင်တယ်။ ကစားချိန် အရမ်းမကြာဘဲ နားလည်ရလွယ်တယ်။ ပြိုင်ဘက်တွေတွေ ပိတ်လို့ရတယ်။ ဂိမ်းပစ္စည်းတွေရဲ့ အရည်အသွေးကောင်းပြီး Cards တွေရယ် Chips တွေရယ်ပဲပါတယ်။ ခရီးသွားလို့ထည့်သွားချင်ရင် Cards တွေကို ဘူးတစ်ခုထဲထည့် Chips တွေက မပျောက်နိုင်တဲ့ နေရာထည့်ပြီး ယူသွားရအဆင်ပြေတယ်။ ကျွန်တော် အများဆုံးကစားဖြစ်တဲ့ ဂိမ်းတွေထဲက တစ်ခုဖြစ်တယ်။